မနေ့ကနဲ့ ဒီနေ့ တူ၏ မတူ၏
ငါ မသိခဲ့ပါ….
ပန်းနုရောင် ဖိတ်စာလေး တစ်စောင်
ငါ့ စားပွဲပေါ် ရောက်ရှိလို့လာခဲ့တော့….
ငိုရခက်ခက် ရယ်ရခက်ခက်
အသံတိတ် မျက်ရည်တွေနဲ့
နှလုံးသားကွဲအက်နေခဲ့ပြီ……
အသိ စိတ်ဓါတ်တွေလဲ
သိ၏ မသိ၏ ရှိ၏ မရှိ၏
ပေးဆပ်ချင်းများစွာကိုလဲ
သူသိ၏ မသိ၏ တွေးမနေတော့ပါ…
ငါ့အိပ်ခန်းငယ်လေးထဲမှာပဲ
ကြယ်ရောင်တွေရှာရင်း
မိုးလင်းတော့မယ်…..
သစ်ဆန်းခန့်
No comments:
Post a Comment