logo

Friday, September 30, 2011

“ရှင်သန်ခြင်းရဲ့ မနက်ဖြန်”

 

အရာရာတိုင်းဟာ

တစ်ခါတစ်လေမှာ

အိပ်မက်တွေလိုပဲ

လှည့်စားတက်ကြတယ်...

အကောင်းမြင်ဖို့ တွေးလိုက်တိုင်း

စိတ်တွေက အဝေးလွင့်သွားတာ

ငါ့ကို ငါတောင် အပြစ်မတင်မိဘူး...

အချိန်နဲ့နေရာတွေ ပြောင်းလဲသွားလည်း

မင်း ကိုယ်တိုင်ပြောင်းလဲ သွားလိမ့်မယ်ဆိုတာ

ငါ မယုံကြည်ခဲ့ဘူး...

ပုံပြင်တွေနဲ့ ငါ့ကိုထားခဲ့မယ်လို့

သိလိုက်ရတဲ့ အချိန်မှာတော့

ငါ့ရဲ့ မျှော်လင့်ချက်တွေက

အပိုင်းပိုင်း အစစ ပေါ့...

မင်း ငါ့ရင်ထဲကို ၀င်ကြည့်ဖို့

ပြန်တောင်းပန်ခဲ့ရင်လည်း

အရာရာ မှန်သမျှ

နောက်ကျခဲ့ပြီ ချစ်သူ...

သစ်ဆန်းခန့်

1 comment: