သူမ မသိအောင် သိုဝှတ်ထားတဲ့ ရင်ခုန်သံ တစ်ချို့
ဒိုးဒိုးဒိတ်ဒိတ်နဲ့ ရိုးတိတ်ရိပ်တိတ် မမြင်ပါစေနဲ့
ဆုတောင်းသံ သေးသေးလေးတွေ သူမ မကြားနိုင်အောင်
သူမ ရဲ့ ဒေါက်ဖိနပ်လေး အောက် ငါ့ သိက္ခာတွေ ပါသွားပြီ
ဆုံးရှုံးမှုတွေ မြန်သထက် မြန်လာကြပြီ !
အို… ဘုရား သခင် သူမ မသိပါစေနဲ့
သူမ နဲ့ ဝေးရာ လေလွင့်ရင်း ငါ့ဘ၀ ကို အဆုံးသက်တော့မယ်
ပင်လယ်ရေပြင် ထက် ဖောင်ငယ်လေးနဲ့ လွင့်လွင့်လူးကာ
ဘယ်ဆီ သောင်ယံ ရှာမတွေ့လဲ ငွေကြယ်ပွင့်လေးနဲ့အတူ
ငါပျော်နေမယ်….
သိမ်းဆည်းထားခဲ့တဲ ကဗျာဟောင်းတွေ လဲ
စာမျက်နှာများ ၀ါဟောင်းညစ်နွမ်းပေမယ့်
ရင်ခုန်သံတွေ လက်ဆက်နေဆဲ မို့
သူမ မျက်နှာ ပြေးပြေးမြင်ကာ ပါးထက်က မျက်ရည်တွေ
ပူနွေးနွေးနဲ့ ငါ့ ရင်ဘတ်ပေါ် ကျဆင်းနေပြီ….
ခနော်နှီ ခနော်နဲ့ ဘ၀ တစ်ထစ်ချိုးလဲ
သူမ အတွက် အရောင် ပြောင်း လိုသလိုစေ
နေခဲ့ပါပြီ……
သစ်ဆန်းခန့်
(ရင်ခုန်သံ တမ်းချင်း)
No comments:
Post a Comment