logo

Friday, September 30, 2011

ကလေးတွေ ငိုတဲ့ မြို့


Lonely Girl



ကလေးတွေ ငိုတဲ့ မြို့

မငြိမ်းချမ်းလိုက်တာ

ပူစရာတွေ များလှတယ်

မေမေရယ်....တဲ့

ခေါ်လိုက်တိုင်း ထူးသံ မထွက်လာဘူး

ရင်ထဲ လှိုက်လို့ဝမ်းနည်း မမြင်ရက်စရာ

သွေးအလိမ်းလိမ်းနဲ့ မြင်ကွင်းတွေ

ကလေးငယ်တွေ နှလုံးသားမှာ စွန်းထင်းခဲ့ပြီ

ဒီလို ဒီလို နဲ့

ကလေးတွေငိုတဲ့မြို့မှာ

ကျွန်တော်သည်လဲ ရောက်ရှိနေခဲပြီ.....

သစ်ဆန်းခန့် 




ဘာကိုမှ မရည်ရွယ်ပါ စိတ်ကူးထဲပေါက်လာလို့ 

ချရေးလိုက်တဲ့ လက်တန်း ကဗျာလေးပါ

ကဗျာချစ်သူတိုင်းကို လေးစားလျက်.....

No comments:

Post a Comment