ခင်မင်မှု့တွေ အစင်းစင်း ပစ်လွှတ်ရင်း
သူငယ်ချင်း သံရောဇဉ်တွေကို
မင်းမြင်ချင်တဲ့ နေ့တိုင်းမှာ ထားမရ်…
စိတ်ဓာတ်တွေ ချောင်ပိတ်ခံရတိုင်း
ငါ…မင်းကို တိုးတိုးလေး
တမ်းတမရ်…
ငါတို့ကြားမှာ အဆင်မပြေမှု့တွေ
လွဲချော်မှု့တွေ ရှိလာတဲ့ အခါ
အရာမ၀င်တဲ့ (အက်ဆေး) တစ်ပုဒ်အဖြစ်
မေ့ပျောက်ပစ်မရ်….
ဒီရှေ့လျှောက်မှာ…
ကောင်းရောင်းကောင်းဝယ် စိတ်ကူးတွေနဲ့
ငါတို့ လင်းလက်ကြပါစို့….
ပြိုင်တူအိပ်မက်တွေ မက်လို့
ကောင်းကင်ကို တူးဖို့
တူရွင်းကိုယ်စီ ထမ်းကြပါစို့…
ချစ်သော သူငယ်ချင်းရေ…
ဝေးချင်သလောက်ဝေးပါစေ
သံရောဇဉ်တွေပိုက်ပြီး ငိုက်မြည်းမနေတော့ဘူး…
မင်း ရှိရာ အရပ်ကို မျက်နှာပြု
ဘာကိုမှ မမှုတော့ကြောင်းတွေနဲ့
အရပ် ရှစ်မျက်နှာ စလုံး အတွက်
စစ်မျက်နှာတွေ ဖွင့်လိုက်ပြီ…
သစ်ဆန်းခန့်
No comments:
Post a Comment