logo

Friday, September 30, 2011

စ.လယ်.ဆုံး

Lonely Girl




လွမ်းစရာတွေနဲ့ ပြည့်ကာလျှံ၍

နှလုံးသား နုနု အား ပြုစားရက်သူ

မာယာရှင်မ ခြေတော်အပါးဝယ်

ဒူးထောက်ခစား ကျွန်တော်မျိုးအား

လည်မျိုသွေးကို ဖောက်ထုတ်ပေးရန်

တောင်းဆိုပါက  ဧကန်မုချ

ဓါးသွားထက်ထက် လျပ်တပြတ်တွင်

ပေးဆက်ရန် ၀န်မလေးပါကြောင်း

မာယာရှင်မ ထံတော် အခါတော်ပါး

ဤ ကဗျာအား ဆက်သပါသည်....


သစ်ဆန်းခန့်

1 comment: