logo

Friday, September 30, 2011

ပန်းနုရောင် ဖိတ်စာ

 

မနေ့ကနဲ့ ဒီနေ့ တူ၏ မတူ၏

ငါ မသိခဲ့ပါ….

ပန်းနုရောင် ဖိတ်စာလေး တစ်စောင်

ငါ့ စားပွဲပေါ် ရောက်ရှိလို့လာခဲ့တော့….

ငိုရခက်ခက် ရယ်ရခက်ခက်

အသံတိတ် မျက်ရည်တွေနဲ့

နှလုံးသားကွဲအက်နေခဲ့ပြီ……

အသိ စိတ်ဓါတ်တွေလဲ

သိ၏ မသိ၏ ရှိ၏ မရှိ၏

ပေးဆပ်ချင်းများစွာကိုလဲ

သူသိ၏ မသိ၏ တွေးမနေတော့ပါ…

ငါ့အိပ်ခန်းငယ်လေးထဲမှာပဲ

ကြယ်ရောင်တွေရှာရင်း

မိုးလင်းတော့မယ်…..


သစ်ဆန်းခန့်

ဝိုင်ချိုတစ်ခွက် နှင့် ဒုက္ခအိမ်

 

 
အောင်မြင်ချင်းတွေ ရိုက်ချိုး

မနက်ဖြန်ထိ ပေးဆပ်ချင်းတွေနဲ့

ကျရှုံးနေတဲ့ အဖေ…

အမေ့ မျက်ဝန်းက မျက်ရည်တွေ

စီးဆင်းနေတာ တိက်တိက်ဆိက်ဆိက်

ငြိမ်သက်လို့…

ချစ်သောဆွေမျိုးများ ပွဲလန့်တုန်းဖျာဝင်ခင်း

ဇွဲကောင်းနေပုံများ နေတောင်မ၀င်ဘူး…

မိတ်ဆွေကောင်းဆိုသူတွေလဲ မြူတိမ်လိုကွယ်ပျောက်

ကျေးဇူးဆိုတာ သက်သေမမြောက်ဘူးတဲ့…

ငါ ငိုနေတာလား?

ပင်လယ်ကြီးတောင် လက်မှိုင်ချလို့

မညီးရဲလောက်အောင်ပဲ…

အဆုံးသက်မှာတော့ ငါကိုယ်တိုင်

ပျော်ဝင်နေတဲ့ “၀ိုင်”…



သစ်ဆန်းခန့်

 

သူမ အတွက် ကျွန်တော်

 


သူမ အတွက် ကျွန်တော်သည် မှောင်သောညမှာ လမ်းပြသော ကြယ်လေးတစ်ပွင့်ဖြစ်ရပါလို၏

သူမ အတွက် ကျွန်တော်သည် အချမ်းပြေ အနွေးထည်လေး တစ်ထည်ဖြစ်ရပါလို၏

သူမ အတွက် ကျွန်တော်သည် အမောပြေ သောက်ရန် ရေကြည့်တစ်ပေါက် ဖြစ်ရပါလို၏

သူမ အတွက် ကျွန်တော်သည် ယောကျားလေးများအား အပျင်းပြေကစားရန် ဟန်ဆောင်ချစ်သူဖြစ်ရပါလို၏

သူမ အတွက် ကျွန်တော်သည် ဆူးခင်းလမ်းမှာ လမ်းလျှောက်နိုင်ရန်အတွက် ပန်းပွင့်လေးတစ်ပွင့် ဖြစ်ရပါလို၏

သူမ အတွက် ကျွန်တော်သည် ၀မ်းနည်းသည့် အချိန်တိုင်း ငိုကျွေးရန် ရင်ဘတ်တစ်စုံဖြစ်ရပါလို၏

သူမ အတွက် ကျွန်တော်သည် ပင်ပန်းနွမ်းနယ်သည့် အခါတွင် နားခိုရန် ပုခုံး တစ်ဖက်ဖြစ်ရပါလို၏

သူမ အတွက် ကျွန်တော်သည် နှလုံးသွေးကိုတောင် ဖောက်ထုတ်ပေးနိုင်သော ချစ်သူတစ်ယောက်ဖြစ်ရပါလို၏
 
အို......ဘုရားသခင် ကျွန်တော်မျိုး၏တောင်းဆုကို ကြားတော်မူပါ......


သစ်ဆန်းခန့်

ပင်လယ်အော်သံ

 


ဂစ်တာလေးကို တီးလိုက်တိုင်း

သံစဉ်တွေက ရင်ဘတ်ကိုလာလာညိတယ်

ထစ်ချူံးနေတဲ့ မိုးရေတွေလဲ

ဘာကိုလွမ်းလို့လွမ်းရမှန်းမသိ

ငါလဲ ဘာကိုရေးလို့ ရေးရမှန်းမသိ

ကလေး တစ်ယောက်လို

အပြစ်ကင်းစင်ယောင် ဆောင်လဲ

စိတ်ဓါတ်တွေလဲပြိုကျ

မာနာ တံခွန်မထူနိုင်တော့တဲ့ ဘဝ

အိပ်ရာကနေ နိုးတိုင်း အနာဂါတ်မရှိတော့သလို

ပင်လယ်ညီးသလို တေးတပုဒ် ကို

လိုက်ညီးနေဖို့ပဲ တက်တော့တယ်


သစ်ဆန်းခန့်

စ.လယ်.ဆုံး

Lonely Girl




လွမ်းစရာတွေနဲ့ ပြည့်ကာလျှံ၍

နှလုံးသား နုနု အား ပြုစားရက်သူ

မာယာရှင်မ ခြေတော်အပါးဝယ်

ဒူးထောက်ခစား ကျွန်တော်မျိုးအား

လည်မျိုသွေးကို ဖောက်ထုတ်ပေးရန်

တောင်းဆိုပါက  ဧကန်မုချ

ဓါးသွားထက်ထက် လျပ်တပြတ်တွင်

ပေးဆက်ရန် ၀န်မလေးပါကြောင်း

မာယာရှင်မ ထံတော် အခါတော်ပါး

ဤ ကဗျာအား ဆက်သပါသည်....


သစ်ဆန်းခန့်

ညီမလေး သို့....



တစ်နေ့ထက် တစ်နေ့ နှောင်ကြိုးတွေက

သိမ်းရခက်တဲ့ ချည်မျှင်လို ရစ်တွယ်လို့ငင်

အိပ်မက်လှိုင်းဝယ် တလွင့်လွင့်မြော…

သူ မလာရင်မောရတဲ့ အဖြစ်

လူ မသိတဲ့ ဝေဒနာအချို့က

ရင်ကိုလှိုက်မော ဆူး ရှရှပေါ့…

ကြာလာရင် ပိုပိုဆိုး

တိုးလို့ လာပေါ့ သံယောဇဉ်..


သစ်ဆန်းခန့်

ကာရန်မဲ့

 


သံယောဇဉ်လက်ကျန် ရှိနေခဲ့လို့

မမေ့ပျောက်နိုင်တာ ထာဝရပါ...

မိုးနဲ့ရောခဲ့ မျက်ရည်တွေ

မမေ့ခဲ့ပါ ရင်ထဲမှာ...

ရေးခဲ့တဲ့ ကဗျာတွေ

ခံစားချက် ရောထွေးခဲ့...

အခိုးအငွေ့တွေလို

မင်းဟာ လွင့်ပျောက်ခဲ့ပေါ့...

ငါ့ရဲ့ မျှော်လင့်ချက် အမှန်တရားကို

ဖျောက်ဖျက်ခဲ့လဲ

သက်သေက ရှိနေမှာ...



သစ်ဆန်းခန့်

ချစ်သူတို့နယ်မြေ

 

 
 
 
အိမ်မက်ကမ္ဘာမှာပျော်အောင်သာနေ

အတွေးထဲရိုက်ခတ်လာတဲ့ လေနုအေးပဲ

ဆွေးစရာတွေ ဝေးခွာစေမယ့်

အပြောလေးတွေလဲ ရင်ကိုအေးစေတယ်

ချစ်သူအကြင်နာရင်မှာ စိမ်းလန်း ပန်းတစ်ပွင့်တောင်

သူ့လောက်မမွှေးဘူးရယ်တဲ့ နမ်းဖို့ရည်စူးကာ

သိမ်းပိုက်လို့ထားရင်ခွင် မာနတံတိုင်းလဲကာရန်လို့မထား

ချစ်သူလက်ကိုဆွဲလိုရယ် ဆက်လျောက်လို့သွား

သူရယ်ကိုယ်ရယ် ကြည်နူးခါလေ

မိဘဆွေမျိုးများခေါက်ကာထား

ရှက်မနေနဲ့လာပါကွယ်တူတူပျော်မယ်

ပန်းခင်းလေးထဲ ဘာမှမတွေးမပူနဲ့ကွယ်

ကိုယ်တို့စိတ်ကူးယဉ်ကမ္ဘာလေးထဲ ယုယကြင်နာမှုကို

ဝေမျှခံစားကာ လာပါလေ မောင်တို့ စိတ်ကူးယဉ်မြေ.....



သစ်ဆန်းခန့်

အလွမ်းရာသီ

Sad Guy


အလွမ်းဆိုတာ ဖြစ်တည်မှုနဲ့

တည်ဆောက်မှု တစ်ခုခုပဲ

ကိုယ်တိုင်ပဲ တည်ဆောက်ခဲ့သလား

အလိုလို ဖြစ်တည်ခဲ့သလား

ကိုယ်ခုချိန်အထိ မသိသေးဘူး ကလေးရယ်

မင်းနဲ့ကိုယ့်ရဲ့ အနာဂါတ်ကတော့

မျှော်မှန်းလေ မှုန်မှိုင်းလေးပဲ

ဘာကြောင့်လဲ... မေးလိုက်တိုင်း

ကိုယ့်နှုတ်ခမ်းတွေ စကားလုံးထွက်မကျလာတာ

မင်း သိပါ့မလား ကလေးရယ်.....

ကိုယ်တို့ ရဲ့ အလွမ်းရာသီဟာ

တစ်စက္ကန့် တစ်မိနစ် တစ်နာရီ

ဘယ်လောက်ပင် ကြာပါစေတော့....

နီးစပ်ဖို့ အတွက် ပြတိုက်လေးထဲ

ကဗျာပန်းခင်းလေးထဲ အလွမ်းတွေစိုက်ပျိုးလျက်ပါ

ကလေးရယ်...........

သစ်ဆန်းခန့်

thitsankhant@gmail.com